ရမည်းသင်းမြို့နယ်၌ နိုင်ငံတော်အစိုးရကြီးမှူးကျင်းပသည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာအောင် သံဃာတော်များအားအောင် လက်မှတ်နှင့် ဆုချီးမြှင့်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ နိုင်ငံတော်အစိုးရကြီးမှူးကျင်းပသည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာအောင် သံဃာတော်များအားအောင် လက်မှတ်နှင့် ဆုချီးမြှင့်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ




MNP - မတ်    ၂၈

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ နိုင်ငံတော်အစိုးရကြီးမှူးကျင်းပသည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာအောင် သံဃာတော်များအား အောင်လက်မှတ်နှင့် ဆုချီးမြှင့်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီက ရမည်းသင်းမြို့ ရန်အောင်မြင်သာသနာ့ဗိမ္မာန်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသည့် ဆရာတော်အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များမှ နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ကာ နိုင်ငံတော်ဩဝါဒစရိယနဘူကျင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး တာဝန်ရှိများနှင့် အလှူရှင်တို့က စာအောင်သံဃာတော်များကို အောင် လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းကြသည်။

၂၀၂၁ခုနှစ် နိုင်ငံတော်အစိုးရကြီးမှူးကျင်းပသည့် ရဓမ္မာစိယနှင့်ပါဠိပထမပြန် စာမေးပွဲကို ရမည်းသင်းမြို့နယ်မှ ပထမကြီးတန်း(၄)ပါး၊ ပထမငယ်လတ်(၁၆)ပါး၊ ပထမငယ်တန်း(၅)ပါးနှင့် အခြေပြုမူလတန်း(၄၂)ပါး အောင်မြင့်ခဲပြီး ပထမကြီးတန်းတစ်ပါးကို စာအောင်လက်မှတ် နှင့်ဂုဏ်ပြုချီးမြှင့်ငွေတစ်သိန်းကျပ်၊ ပထမလတ်တန်းတစ်ပါးကို စာအောင်လက်မှတ်နှင့် ဂုဏ်ပြု ငွေရှစ်သောင်းကျပ်၊ ပထမငယ်တန်းတစ်ပါးကို စာအောင်လက်မှတ်နှင့် ဂုဏ်ပြုငွေခြောက်သောင်းကျပ်နှင့် အခြေပြုမူလတန်းတစ်ပါးကို စာအောင်လက်မှတ်နှင့် ဂုဏ်ပြုငွေလေးသောင်း ကျပ်ကိုအသီးသီး ချီးမြှင့်ဆက်ကပ်လှူဒါန်းပြီး ရန်အောင်မင်းကျောင်း ဩဝါဒစရီယ ဆရာတော်ကြီး ဦးနန္ဒောဘာသထံမှ ရေစက်ချတရားတော်နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံသုံးကြိမ်ရွတ်ဆိုပိတ်သိမ်းခဲ့ကြောင်း သတင်းရသည်။

သတင်း - ဇော်ဝင်းအောင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)