ပေါင်းတည်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်အထက် ပြည်သူများအား ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်အထက် ပြည်သူများအား ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေး

 


MNP - မတ်    ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများအား အဆင်ပြေချောမွေ့စွာထိုးနှံနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် ကွင်းဆင်းပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးပေးနှံခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့်ကျန်းမာရေးဌာနဝန်ထမ်းများက မြို့နယ်အတွင်းရှိ နတ်ပုတီး ကျေးရွာသို့ ကွင်းဆင်းပြီး အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူများနှင့် သက်ကြီးရွယ်အိုများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းပေးခြင်းများကို ဆောင်ရွက်ပေးပြီးနောက် ပြည်သူ(၁၁)ဦးအား ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (Sinovac) အမျိုးအစားကို ထိုးနှံပေးလျက်ရှိကြောင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - အေးအေးဆင့်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)