မိုင်းခုတ်မြို့၊ ဝမ်လုံ(၁)ကျေးရွာ၌ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ ဝမ်လုံ(၁)ကျေးရွာ၌ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်





MNP - မတ်    ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မိုင်းနင်းကျေးရွာအုပ်စု၊ ဝမ်လုံ(၁)ကျေးရွာ၌ မတ်လ ၂၀ ရက် နံနက်ပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်(၂၄)လုံးမီးလောင်ကျွမ်းခဲ့သဖြင့် မီးလောင် ဆုံးရှုံးမှုဖြစ်ပွားခဲ့သော အိမ်ထောင်စု(၂၈)စုအား ယမန်နေ့က တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးမှူး၊ ပထမတန်း(ပြည်သူ့စစ်)ဒုတိယဗိုလ်မှူးကြီး သန့်လှိုင်ဝင်းက ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပစ္စည်းများမှာ ဆန်(၂၁)အိတ်၊ ဆီ(၂၁)ပုံး၊ ဆား(၂၁)အိတ်၊ အချိုမှုန့်(၆၃)ကီလိုဂရမ်၊ သွပ်ပြား(၁၀၅၀)ချပ်၊ သွပ်မှို(၅၂၅)ဗူး၊ သုံးလက်မရိုက်သံ(၂၁)ဖာနှင့် လေးလက်မရိုက်သံ (၂၁)ဖာ တို့ဖြစ်ပြီး စုစုပေါင်းတန်ဖိုးငွေကျပ်(၁၆၇၅၄၀၁၀)ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ယဉ်ယဉ်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)