လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်နေ့ရက်များ၌ မီးလန့်မှုနှင့်မီးပေါ့ဆမှုမရှိစေရန်အတွက် အသိပေးနှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့်နေ့ရက်များ၌ မီးလန့်မှုနှင့်မီးပေါ့ဆမှုမရှိစေရန်အတွက် အသိပေးနှိုးဆော်




MNP - မတ်    ၃၁

ကရင်ပြည်နယ်၊ဘားအံခရိုင်၊လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့များအတွင်း စာမေးပွဲဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့်စာဖြေဆိုနိုင်ရန် အတွက် ယမန်နေ့ညနေပိုင်းအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟမြင့်ဆွေ နှင့်တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ကြစေရေးတို့အတွက် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအနေဖြင့် လျှပ်စစ်မီးအသုံးပြု၍ ထမင်း၊ ဟင်းချက်ခြင်း၊ရေနွေးကြိုခြင်း၊ရေမော်တာတင်ခြင်း၊အဝတ် အထည်များမီးပူတိုက်ခြင်း၊ဖုန်းအားသွင်းခြင်းများဆောင်ရွက်လျှင် လျှပ်စစ်ဝါယာရှော့မဖြစ်ပွားစေရေးအတွက် အမြဲသတိပြုကြရန်၊ အသုံးပြု ပြီးပါက မီးခလုပ်များကိုသေချာစွာစစ်ဆေး၍ပိတ်ပေးရန်၊ ထင်း၊မီးသွေး၊ဖရောင်းတိုင်၊ ခြင်ဆေးခွေ များအသုံးပြုပြီးလျှင် စနစ်တကျဖြင့် မီးကိုငြိမ်းသတ်ပေးရန်၊ မီးသတ်ဆေးဘူး များကို အရေးပေါ် အသုံးပြုနိုင်ရေးအတွက်ဂရုစိုက်၍ စစ်ဆေးပေးကြရန်၊ နွေရာသီပူပြင်းသည့်ကာလ၌ ရပ်ကွက်များ အတွင်းရှိ ပြည်သူများအနေဖြင့် အိမ်တိုင်းမီးပေါ့ဆမှုမရှိကြစေရန် မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက ရပ်ကွက်များအတွင်း လှည့်လည်၍  အသိပေးနှိုးဆော်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်အတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန(၆)ခုထားရှိပြီး ဒဿမတန်း (Grade-11)သင်ရိုးညွှန်းတန်း၌ ဘာသာတွဲ(၁)၊ ဘာသာတွဲ( ၂)၊ ဘာသာတွဲ(၇)တို့ကို ကျောင်းဖြေ (၇၃၈)ဦး၊ ပြင်ပဖြေ(၁၄၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၈၈၇)ဦးတို့က စာမေးပွဲဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

သတင်း - လင်းသန့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)