နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


MNP ၊ မတ် ၁

(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားကျင်းပခဲ့မှုနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ ဗဟိုကော်မတီ ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ နေပြည်တော်ကောင်စီဥက္ကဌ၊ ဆပ်ကော်မတီဥက္ကဌများဖြစ်ကြသည့် ဒုတိယဝန်ကြီး များနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး ကျန်ဆပ်ကော်မတီဥက္ကဌများနှင့် တာဝန် ရှိသူများက ဗီဒီယိုကွန့်ဖရင့်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ဖေဖော်ဝါရီ လ ၁၂ ရက်တွင်ကျင်းပခဲ့သည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကျင်းပ ခဲ့မှုနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းစဉ်များကို ကြိုတင်စီမံမှုများဖြင့် ပြင်ဆင်ဆောင်ရွက် ခဲ့ကြသော်လည်း အားသာချက်နှင့် အားနည်းချက်များရှိပါကြောင်း၊ ထို့ကြောင့် နောင် ကျင်းပမည့် အလားတူအခမ်းအနားများတွင် အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အားနည်းချက်များကိုပြန်လည်သုံးသပ်၍ အားသာချက်များ ဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က (၇၅)နှစ် မြောက်ပြည်ထောင်စုနေ့အခမ်းအနားသည် စိန်ရတုအခမ်းအနားဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်အဖြစ် ထူးခြားလေးနက်စွာကျင်းပနိုင်ရန်တာဝန်ပေးအပ်ခဲ့ကြောင်း၊ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ချိန်ကာလသည် တိုတောင်းခဲ့ သော်လည်း ခမ်းနားအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ထို့အတူ ၂၀၁၆ ခုနှစ်ကတည်းက ရန်ကုန်မြို့တော်ခန်းမ၌ရပ်နားထားသည့်ပြည်ထောင်စုအလံကို နေပြည်တော်မြို့တော် ခန်းမသို့အောင်မြင်စွာသယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထိုသို့အောင်မြင်စွာကျင်းပဆောင်ရွက် နိုင်ခဲ့ခြင်းသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စည်းလုံးညီညွတ်ခြင်း၏ ရလဒ်သက်သေတစ်ခုပင်ဖြစ်ပြီး ကောင်းမွန်သည့် အစဉ်အလာတစ်ရပ်ဖြစ်ကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင်ရောက်ရှိမည့် လွတ်လပ်ရေးနေ့သည် (၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက်(၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အခြေအနေများကိုအခြေခံ၍ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကို ပိုမိုကောင်းမွန်သည့်နိုင်ငံတော်အဆင့် အခမ်းအနား အဖြစ်ကျင်းပနိုင်ရန်ရည်ရွယ်ကာ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း။


(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင် ခဲ့သော်လည်း အားသာချက်နှင့် အားနည်းချက်များရှိပါကြောင်း၊ အဆိုပါ အားသာချက် အားသာချက်များကို မူတည်၍ အားသာချက်များကို ပေါင်းစပ်ပြီး အားနည်း ချက်များကို ပြုပြင်ဆောင်ရွက်ကာ ပိုမိုကြီးကျယ်ခန်းနားသည့် စစ်ရေးပြမှုများ၊ ပြကွင်းပြကွက်များ၊ ခင်းကျင်းပြသမှုများဖြင့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်ဦးတည်၍ ကဏ္ဍအလိုက် အားသာချက် အားနည်းချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တို့က ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ခဲ့မှုများနှင့် စပ်လှဉ်း၍ ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော် မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များတည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ် ရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများစိုက်ထူရေးဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေ ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ ညစာစား ပွဲခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးဆပ်ကော်မတီနှင့် အလှပြ Drone လွှတ်တင်ရေးဆပ်ကော်မတီ တို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများ အလိုက် အားသာချက်နှင့်အားနည်းချက်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဉီးကိုကို၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးရွှေလေး၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းမြင့် ၊နေပြည်တော်ကောင်စီဥက္ကဌ တို့က ဖြည့်စွက်ဆွေးနွေးကြပြီး ၊ ဒုတိယဝန်ကြီးချုပ်က လိုအပ်သည်များကိုအကြံပြု ဆွေးနွေးသည်။


ထို့နောက် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။  


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)