ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ်(၁) ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကံမမြို့ အမှတ်(၄)ရပ်ကွက် ကွမ်းခြံလမ်းသွယ်(၁) ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှု


MNP - မတ်     ၃

မကွေးတိုငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၄)ရပ်ကွက်ရှိ ကွမ်းခြံလမ်းသွယ်(၁)အား    မြေသားလမ်း အဖြစ်မှ  ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေသည့် လုပ်ငန်းအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ၊     မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များက ယနေ့ မွန်းတည့် ၁၂ နာရီက ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး တာဝန်ခံအင်ဂျင်နီယာ ဦးနေဝင်းက လုပ်ငန်းဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်နေသည့်  ကျောက်ချောလမ်းမှာ အရှည် ၄၀၀ ပေ ၊ အနံ  ၁၂ ပေ၊  ထု ၉ လက်မအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေ ကျပ်(၅၀)သိန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း   ကံမမြို့နယ် စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ  ဦးမြင့်လှိုင်ထံမှ သိရသည်။

သတင်း - ကျော်ဇေယျဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)