တောင်တွင်းကြီး၌ ရေစီးနောက်မျောပါပျက်စီးသွားသည့် တံတားနှစ်စင်း ပြန်လည်တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီး၌ ရေစီးနောက်မျောပါပျက်စီးသွားသည့် တံတားနှစ်စင်း ပြန်လည်တည်ဆောက်



MNP - မတ်   ၂၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၁ ခုနှစ်ကမိုးများ အဆက်မပြတ် ရွာသွန်း ခဲ့ခြင်းကြောင့် ရေစီးနောက်မျောပါပျက်စီးသွားသည့် သဖန်းကုန်းကျေးရွာအတွင်းရှိ တံတား နှစ်စင်းအား ကျေးရွာပြည်သူ များ၏ ထည့်ဝင်လူဒါန်းငွေများဖြင့် ယနေ့နံနက်ကစတင်၍ သံကူ ကွန်ကရစ်တံတားအဖြစ် အဆင့်မြင့်တင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ တံတားအသစ်တည်ဆောက်ရာတွင် အုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်တိုးနှင့် ရာအိမ်မှူး၊ ဆယ်အိမ် မှူးများ ကျေးရွာနေပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေများဖြင့် တံတားအသစ် နှစ်စင်းတည်ဆောက် ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားမှာ အလျား ၁၂ ပေ၊ အကျယ် ၅ ပေ၊ ထု ၁၀ လက်မ သံကူကွန်ကရစ် အုတ်တံ တားဖြစ်ပြီး တံတားတစ်စင်းလျှင် ငွေကျပ်ရှစ်သိန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုင်ဝင်း 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)