ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ ငွေများပေးအပ်



MNP - မတ်   ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဘုရားပျို ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာ၌  ဖြစ်ပွားခဲ့သော မီးလောင်မှုမှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမြတ်ထွေးနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်းရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ မတ်လ ပထမပတ်က ဘုရားပျိုကျေးရွာအုပ်စု ရေတာရှည်ကျေးရွာ၌  ဖြစ်ပွားခဲ့သော မီးလောင်မှုမှ မီးဘေးသင့် အိမ် (၁၅)လုံးအတွက်  အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု  ၁၆ စုရှိ အိမ်ထောင်စုဝင်  ၅၂ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၉၂၀၀) ကျပ်၊ စုစုပေါင်း(၂၃၀၉၂၀၀)ကျပ်အား မီးဘေးသင့် အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - တင့်ဆွေ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)