ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေ့ဦးပြုစုခြင်း(အခြေခံ) သင်တန်း ၂/၂၀၂၂ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေ့ဦးပြုစုခြင်း(အခြေခံ) သင်တန်း ၂/၂၀၂၂ ဖွင့်လှစ်








MNP ၊ မတ်၊ ၂၈

မွန်ပြည်နယ်၊သထုံခရိုင်၊ပေါင်မြို့နယ်တွင် ကြက်ခြေနီအသင်းခွဲမှ ရှေ့ဦးပြုစုခြင်း(အခြေခံ) သင်တန်း ဖွင့်ပွဲကို  ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ပေါင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးအောင်မင်းနိုင် ကအဖွင့်အမှာစကား ပြောကြားပြီး ပေါင်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှုး ဦးဟန်လင်းကျော် က ကြက်ခြေနီအသင်း ဖြစ်ပေါ်လာပုံနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က အခြေခံကြက်ခြေနီသင်တန်းရှေ့ ဦးပြုစုခြင်း ဖွင့်လှစ်ပေးသည့်အတွက် သင်တန်းသား/သူမျာ းကိုယ်စားကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ ရှေ့ဦးသူနာပြုစုခြင်းသင်တန်းသို့ ကျောင်းသား/သူ (၃၀)ဦး တက်ရောက်ကြပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲမှ

နည်းပြ (၅) ဦးတို့က စာတွေ့၊လက်တွေ့ ဖြင့် (၃)ရက်ကြာသင်တန်းပို့ချသွားမည်ဖြစ် ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)