တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ

 




MNP - မတ်    ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးညွန့်ဦးနှင့် ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့၊ နံနက် ၁၀ နာရီက အမှတ် (၁၃) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ ယခင်ဆောင်ရွက်ထားပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်များကို ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်း မရှိသူများအား အသစ်ပြုလုပ်ပေးခြင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား မြေပြင်တွင် တိုက်ဆိုင်၍ ရှိ /မရှိ စစ်ဆေးခဲ့ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတွင်လည်း နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိပြီးယနေ့ အမှတ်(၁၃)ရပ်ကွက်အတွင်း  နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန် ကျန်ရှိသော ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၆)ဦးနှင့် အိမ်ထောင်စုစာရင်း(၁၀)စုတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သတင်း - ခင်ဆွေနှင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)