ကြို့ပင်ကောက်မြို့နယ်ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင် ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြို့ပင်ကောက်မြို့နယ်ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင် ထားရှိ


MNP - မတ်    ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း(၅)သောင်း ပျိုးထောင်ထားရှိကြောင်း လာမည့်မေလ နောက်ဆုံးပတ်တွင် မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရာသီဥတုမျှတကောင်းမွန်စေရေး၊ ဒေသတွင်းစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးရန် ရန်ကုန်ပြည်ကားလမ်း မကျီးကုန်း ပျိုးဥယျာဉ်တွင် ကျွန်းပင်(၁၄၀၀၀)၊ မန်ဂျန်ရှား(၁၀၀၀၀)၊ ပျဉ်းကတိုး(၅၀၀)နှင့် စိန်ပန်း(၅၀၀)တို့ကို ပျိုးထောင်ထားရှိကြောင်း မြို့ကိုင်းကျေးရွာ ပျိုးဥယျာဉ်တွင် ကျွန်းပင်(၁၁၅၀၀)၊ မန်ဂျန်ရှား(၁၂၀၀၀)၊ စိန်ပန်း(၁၅၀၀)ပင်တို့ကို ပျိုးထောင်ထားရှိကြောင်း လာမည့် မိုးဦးရာသီတွင် စိုက်ပျိုးရန်အတွက် စုစုပေါင်းပျိုးပင်(၅)သောင်း ပျိုးထောင်ထားပြီး ဗန်ဒါပင်နှင့် မယ်ဇလီပင် မျိုးစေ့များရရှိပါက ဆက်လက်ပျိုးထောင် သွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးကျော်မိုးထံမှ သိရသည်။

အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်များကို မြို့နယ်အတွင်းရှိဒေသခံများ၊ ဌာနဆိုင်ရာရုံးများတွင် စိုက်ပျိုးသွားနိုင်ရေး အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ပြီး မေလနောက်ဆုံးပတ်တွင် ဘော်ဘင်ကျိုးဝိုင်း အကွက်အမှတ်(၂၂)တွင် ကျင်းပပြုလုပ်မည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင်လည်း ကျွန်းပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇေယျာထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)