ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

 


MNP - မတ်    ၄


MNP - မတ်    ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ ကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူများအား ကိုဗစ်-၁၉  ရောဂါကာကွယ် ဆေးထိုးနှံခြင်းကို အမှတ်(၂၆)ရပ်ကွက်၊ ပုလဲရတနာလမ်းရှိ မြို့နယ်ဆေးရုံ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို မြို့နယ် ပြည်သူ့ဆေးရုံတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးခဲ့ရာ  ရပ်ကွက်(၆)ခုမှ ပြည်သူ (၃၄၇) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်ရှိသော ရပ်ကွက်(၃၂)ခုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရပ်ကွက် များခွဲ၍ ထိုးနှံပေးလျှက်ရှိပြီး အသက် (၅၅)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့်ပြီးသူ (၂၈)ဦးကိုလည်း ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - သန်းသန်းအေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)