ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှသောက်သုံးရေရှားပါးနေသည့် ကောင်းပင်စည်တဲတိုက်နှင့် ထနောင်းဝန်းအနောက်ရွာသို့ ရေဂါလံ ၃၂၀၀လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှသောက်သုံးရေရှားပါးနေသည့် ကောင်းပင်စည်တဲတိုက်နှင့် ထနောင်းဝန်းအနောက်ရွာသို့ ရေဂါလံ ၃၂၀၀လှူဒါန်း


MNP - မတ်    ၂၇

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကောင်းပင်စည်တဲတိုက်နှင့် ထနောင်းဝန်းအနောက်ရွာသို့ မတ် ၂၆ရက်၊ ညနေ ၅နာရီ အချိန်ခန့်က သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကျေးရွာနှင့်တဲတိုက်သည် တောင်ဇင်းတိုက်နယ်အတွင်းရှိပြီး နွေရာ သီရောက်တိုင်း သောက်သုံးရေရှားပါးနေခြင်းကြောင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မိမိဌာန လုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် ကျေးလက်နေပြည်သူများ သောက်သုံးရေ အကူညီတောင်းခံလာခြင်းကြောင့် ညောင်ဦးမြို့နယ်မီး သတ်ဦးစီးဌာနပိုင် မီးသတ် ရေသယ်ယာဉ်နှစ်စီးဖြင့် ကောင်းပင်စည်တဲတိုက်အတွက် ရေဂါလံ ၁၆၀၀၊ ထနောင်းဝန်း အနောက်ကျေးရွာအတွက် ရေဂါလံ ၁၆၀၀သွားရောက်ကူ ညီလှူဒါန်း ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကပြောကြား ၍သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)