တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင် စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်စေရေး လူဉီးရေစာရင်းပြုစုခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင် စာရင်းများပြုစုရာတွင် ပြည့်စုံမှန်ကန်စေရေး လူဉီးရေစာရင်းပြုစုခြင်းလုပ်ငန်း အချိန်မီပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP - မတ်   ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြုစုရာတွင် ပြည့်စုံမှန်ကန်စေရေး လူဉီးရေစာရင်းပြုစုခြင်းလုပ်ငန်းအား သတ်မှတ်ရက်အပြီး ဆောင်ရွက်နိုင်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဉီးအောင်ကျော်စိုး က လူဉီးရေစာရင်းပြုစုခြင်းလုပ်ငန်း အား သတ်မှတ်ရက်အတွင်း ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် ကွန်ပျူတာ ၊ Laptop ၊ ဝန်ထမ်းအင်အားကို စီစဉ်ဆောင်ရွက်ပေး စေလိုကြောင်း၊ လူဉီးရေစာရင်း ရိုက်သွင်းခြင်း လုပ်ငန်းစဉ်ပြီးစီးပြီး နောက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများ ကို ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဉီးစီးအရာရှိ ဒေါ်ဆုမွန်အောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက လူဉီးရေစာရင်းပြုစုခြင်းလုပ်ငန်း အချိန်မီပြီးစီးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ နှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)