ကန့်ဘလူမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ အသက် ၆၀ နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး စတင်ထိုးနှံ



MNP - မတ်   ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး ခြောက်လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိရာ မတ် ၂၈ ရက်နံနက် ၈ နာရီက ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို ထပ်ဆောင်း ကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို မတ် ၂၁ ရက်က စတင်၍ ဌာနဆိုင်ရာဝန်ထမ်းများကို ထိုးနှံပေးခဲ့ရာ ယင်းနေ့က ပညာရေးဝန်ထမ်း ၄၅၁ ဦး၊ Phase- 8 ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး(ပြည်သူ) ၁၁၉၄ ဦး၊ Phase- 7 ဒုတိယအကြိမ် ၁၀၉ ဦး၊ Phase-6 ဒုတိယအ ကြိမ် ၇ ဦး၊ Phase- 5 ဒုတိယအကြိမ် ၁၅ ဦး၊ မတ် ၂၂ ရက်တွင် ကျန်းမာရေးဝန်ထမ်း ၇၀ နှင့်အခြားဌာနဆိုင်ရာ ဝန်ထမ်း ၃၄၊ Phase- 8 ပထမအကြိမ် ၇၅၀၊ Phase- 7 ဒုတိယအကြိမ် ၄၆၊ Phase- 6 ဒုတိယအကြိမ် ၈၊ Phase- 5 ဒုတိယအကြိမ် ၃၊ မတ် ၂၄ ရက်တွင် ဌာနဆိုင်ရာဝန်ထမ်း ၆၈၅ ဦး၊ Phase- 8 ပထမအကြိမ် ၅၀ ဦး၊ Phase- 7 ဒုတိယ အကြိမ် ၁၀ ဦး၊ မတ် ၂၅ ရက်တွင် ဌာနဆိုင်ရာဝန်ထမ်း ၃၆၀၊ Phase- 7 ဒုတိယအကြိမ် ၂၀၊ Phase- 5 ၁၂ ဦးတို့ကို ကိုဗစ်-၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျထိုးနှံပေးခဲ့သည်။

ဆက်လက်၍ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသူများကိုလည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - အောင်ဝင်းငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)