တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အီးအမ်ဘိုကာရှီမြေဩဇာ ပြုလုပ်နည်း သရုပ်ပြပွဲနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အီးအမ်ဘိုကာရှီမြေဩဇာ ပြုလုပ်နည်း သရုပ်ပြပွဲနှင့် ထောက်ပံ့ ပစ္စည်းများပေးအပ်

 


MNP - မတ်   ၂

၂၀၂၂ခုနှစ်၊ မတ်လ၂ရက်နေ့တွင် ကျရောက်သော   တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် အီးအမ် ဘိုကာရှီ မြေဩဇာပြုလုပ်နည်းသရုပ်ပြပွဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအ ခမ်းအနားကို ယမန်နေ့က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်စန်းမှ ၂၀၂၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခမ်း အနား ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဒေသခံတောင်သူလယ်သမားများအနေဖြင့် မိမိတို့လယ်မြေ၊ ယာမြေများတွင် စိုက်ပျိုးထားရှိသော သီးနှံများအောင်မြင် ဖြစ်ထွန်းနိုင်ရေးအတွက်လည်းကောင်း၊ မိမိတို့၏ လယ်မြေ၊ ယာမြေများတွင် သဘာဝဓာတ်မြေဩဇာများကို သုံးစွဲတက်သည့် အလေ့အကျင့်ကောင်းများ ရရှိလာရန်အတွက်လည်းကောင်း၊ သဘာဝဓာတ်မြေဩဇာများအား ကိုယ်တိုင်ပြုလုပ် သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ သဘာဝဓာတ်မြေဩဇာ ပြုလုပ်နည်းများအား လက်ဆင့်ကမ်းမျှဝေပေးနိုင်ရေးအတွက် လည်းကောင်း ရည်ရွယ်၍ ယခုကဲ့သို့ အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ဆန်းက အီးအမ်ဘိုကာရှီ မြေဆွေး ပြုလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်အခမ်းအနားကို တက်ရောက် လာကြသော ဒေသခံတောင်သူများအား ဂျစ်ပဆန်ကျောက်မှုန့်မြေဩဇာ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပစ္စည်းများကို အသီးသီး လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားသို့ ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း - ရဲလင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)