သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရသံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရသံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုပူဇော်



MNP - မတ်   ၂၉

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ သံဃာတော် အရှင်သူမြတ်များနှင့်သီလရှင်ဆရာကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင် ကျောင်းဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော အထူးပင့်သံဃာတော်များနှင့် ဘွဲ့တံဆိပ်တော်ရသံဃာတော် အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော်   မဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ ထံမှ ငါးပါးသီခံယူဆောက်တည်ကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာ များအား လျှောက်ထားတင်ပြပြီးနောက်  ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်နှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့်ဇနီးတို့က နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် အမှူးပြုသော အထူးပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ အမှတ်(၂၂) ခြေလျင်တပ်မ ဌာနချုပ်ဒုတိယတပ်မမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက ၂၀၂၂ ခုနှစ်၊ သာသတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိတော်မူသော အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်(၁)ပါး၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ(၁)ပါး၊ မဟာဂန္ထဝါစက ပဏ္ဍိတဘွဲ့တံဆိပ်တော်ရ(၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ  (၁)ပါးနှင့် သီလရှင်ဆရာကြီး(၁)ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရဆရာတော်(၄)ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရဆရာတော်(၁)ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁)ပါးနှင့် သီလရှင် ဆရာကြီး(၁)ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှ ပေးဝေကြပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ အထူးပင့်သံဃာတော်များ၊ ဘွဲ့တံဆိပ်တော်ရသံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)