မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး (၄)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး (၄)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး



MNP -  မတ်  ၂၆

မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်း မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး RC (၄)ထပ်ဆောင် အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နေ့လည် ၁ နာရီ အချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းသည် ခရိုင်ထွေ/အုပ်ရုံးအစည်းအဝေး ခန်းမ၌ မင်းဘူးခရိုင်/မြို့နယ် စုပေါင်းရုံး RC (၄)ထပ်ဆောင် အဆောက်အဦ အရည်အသွေးစိစစ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ အေဝမ်း(A1) ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆောက်အဦ အရည်အသွေးကောင်းမွန်ရေး အထူးအလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အရည်အသွေးစစ်ဆေးရေးနှင့် အဆောက်အဦလက်ခံရေး ကော်မတီအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ပြီး လက်ခံရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီအနေဖြင့်လည်း ကြိကြပ်ရေးလုပ်ငန်းများတွင် အားနည်းမှု မဖြစ်ပေါ်စေရေးအတွက် လုပ်ငန်း တင်ဒါများနှင့် ပတ်သက်၍ စနစ်တကျ သေခြာစိစစ်ရွေးချယ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် အေဝမ်း(A1) ဆောက်လုပ်ရေးကုမ္ပဏီ စီမံကိန်းမန်နေဂျာ ဦးအောင်မြင့်မှ အဆောက်အဦ စတင်ဆောက်လုပ်ခဲ့မှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး အရည်အသွေး စိစစ်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းမှ (၄)ထပ်ဆောင်အတွင်း ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအပါအဝင် ဌာနဆိုင်ရာရုံး နေရာချထားမှုများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြသည်။

ဆက်လက်၍ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက စုပေါင်းရုံး RC(၄)ထပ်ဆောင် အဆောက်အဦအတွင်း ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရုံးအတွင်းဖြည့်စီးဆောင်ရွက်ရန် လိုအပ်သည် များကို ဆက်လက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ စုပေါင်းရုံး RC(၄)ထပ်ဆောင် အဆောက်အဦကို  ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ၂၁၃၅ ကျပ်သန်းဖြင့် (၂.၅.၂၀၂၁)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး အလျား ၁၅၆ ပေ x အမြင့် ၇၈ ပေ ၆ လက်မ ကြမ်းခင်းဧရိယာ ၅၀၉၁၈ Sft ရှိကြောင်း၊ ယခုလက်ရှိ လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောက်လုပ် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)