ရသေ့တောင်မြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ





MNP ၊ မတ် ၂၈

ရသေ့တောင်မြို့နယ်၌ ၂၀၂၂-ခုနှစ်၊မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသည့်ကျောင်း သား/သူများသို့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးခြင်းကို သက်ဆိုင်ရာစာစစ်ဌာန များတွင်ထုတ်ပေးလျက်ရှိ ကြောင်းသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားအားဘာသာတွဲအလိုက်သတ်မှတ်ထားသည့်အရောင်များဖြင့်စာမေးပွဲဖြေဆိုချိန် မတိုင်မှီအထိထုတ်ပေးသွားမည်ဖြစ်ကြောင်းဖြေဆိုခွင့်ကတ် ထုတ်ယူရာ တွင် အတွင်းဖြေကျောင်းသားကျောင်းသူများကမိမိတို့၏ကျောင်းအုပ်ကြီးများထံမှ ထုတ် ယူကြရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုကြမည့်သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ဖြေဆို ရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများထံမှထုတ်ယူကြရမည်ဖြစ်ကြောင်းသိရသည်။ရသေ့တောင်မြို့နယ်၌‌ ကျောင်းတွင်းမှဖြေဆိုမည့်ကျောင်းသားကျောင်းသူ(၁၀၄၄)ဦး၊အလွတ်ဖြေဆိုမည့်ကျောင်းသားကျောင်းသူ(၁၉၉၄)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၃၀၃၈)ဦးရှိပြီးရသေ့တောင်မြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၇)ခုရှိပြီးတက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်အတွက် အ.ထ.က-၁၊အထက၂၊အမက ၂ ၊အမက ၄၊မေယုခန်းမ၊အားကစားခန်းမ၊အလိုတောင်ပြည့်ကျောင်းတိုက်၊သာသနာ့ဇောတိပါလကျောင်းတိုက်၊စေတီယဂ်ဏကျောင်းတိုက်နှင့်ဇီးကိုင်းစာစစ်ဌာနကိုစစ်‌ တွေအထက(ခွဲ)အလက(၅)ရေတပ်ကျောင်းစာစစ်ဌာနတို့တွင် စိတ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ထွန်းလင်းကျော်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)