အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်ရန် ပြည်ခရိုင်(၆)မြို့နယ်အခြေခံပညာကျောင်းများ မှ အားကစားသမားများရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်ရန် ပြည်ခရိုင်(၆)မြို့နယ်အခြေခံပညာကျောင်းများ မှ အားကစားသမားများရွေးချယ်





MNP - မတ်   ၂၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းရှိမြို့နယ်(၆)မြို့နယ်မှအခြေခံပညာကျောင်းသားကျောင်းသူများအား အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်းသို့တက်ရောက်ရန် ရွေးချယ်ပွဲကိုယနေ့နံနက်ပိုင်းက ပြည်မြို့မင်္ဂလာရွှေပြည်မိုးလုံလေလုံအားကစားခန်းမနှင့် ခရိုင်အားကစားကွင်း၌ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါရွေးချယ်ပွဲကျင်းပရာတွင် ပဲခူးတိုင်ဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှညွှန်ကြားရေးမှူးဦးမြင့်ခိုင်ဦးဆောင်သောအဖွဲ့က ပြည်ခရိုင် (၆)မြို့နယ်ရှိ ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့်သဲကုန်းမြို့နယ်တို့မှ အသက်၁၃နှစ်မှ၁၅နှစ်အတွင်းအခြေခံပညာကျောင်းသားကျောင်းသူများအား ( လက်ထောက်တွန်းတင်၊အိပ်ထမတင်၊ဒိုက်ထိုး၊ ရပ်လျက်အလျားခုန်နှင့် အမျိုးသားမီတာ ၈၀၀၊ အမျိုးသမီးမီတာ ၄၀၀အပြေးစွမ်းရည်ပြိုင်ပွဲ )အစရှိသည့် ကြံ့ခိုင်စွမ်းရည်(၅)မျိုးတို့ဖြင့်  ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကို အမှတ်ပေးစိစစ်ရွေးချယ်ကာ သတ်မှတ်စံချိန်နှင့်ကိုက်ညီသူများကို အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်းသို့တက်ရောက်ရန်ရွေးချယ်မည်ဖြစ်ကြောင်း ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှသိရသည်။

ပြည်ခရိုင်အတွင်း မြို့နယ်များတွင် အခြေခံပညာကျောင်းသား၊ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း " ဘောလုံး၊  ပိုက်ကျော်ခြင်း၊ ဘတ်စကက်ဘော၊ အေရိုးဗစ်နှင့် မြန်မာ့သိုင်းပညာ အစရှိသည့် အခြေခံအားကစားနည်းများကို ကျောင်းသားလူငယ်မောင်မယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်ချက်ဖြင့်ဟ ယခုလ ၂၄ရက်ကစတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းနှင့် အဆိုပါကျောင်းသား၊ကျောင်းသူများထဲမှ ထူးချွန်သူများကို အားကစားနှင့်ကာယပညာသိပ္ပံသင်တန်းကျောင်းသို့ တက်ရောက်ရန် တာဝန်ရှိသူများက လာရောက်စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - ကိုဆက်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)