ရွှေသောင်ယံမြို့တွင် (၂၀၂၁-၂၀၂၂) တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားမှုများအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့တွင် (၂၀၂၁-၂၀၂၂) တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စီစဉ်ဆောင်ရွက်ထားမှုများအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး




MNP - မတ်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် (၂၀၂၁-၂၀၂၂) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများအား ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့သည်။

ရွှေသောင်ယံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနိုင်ရန်အတွက် ရွှေသောင်ယံမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ စာစစ်ဌာနတစ်ခု ဆောင်ရွက်ထားပြီး စာဖြေကျောင်းသား (၁၆)ဦး၊ ကျောင်းသူ (၄၄)ဦး၊ စုစုပေါင်း (၆၀)ဦး ဝင်‌ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့စာမေးပွဲ ဖြေဆိုရာတွင် သပေါ့ကန်(အ.ထ.က)မှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး၊ အုန်းချောင်း(အ.ထ.က)မှ (၂၁)ဦး၊ ရွှေသောင်ယံ(အ.ထ.က)မှ ကျောင်းသား၊ ကျောင်းသူ (၁၃)ဦး၊ အပြင်ဖြေ (၆)ဦး စသည်ဖြင့် ဝင်ရောက်ဖြေဆိုကြမည်ဖြစ်သည်။

အဆိုပါစာစစ်ဌာနအား သွား‌ရောက်စစ်ဆေးရာတွင် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေးအဖွဲ့ဝင်များမှ အ.ထ.က(ရွှေသောင်ယံ) ကျောင်း၏ သန့်ရှင်းရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ စာဖြေခုံများ စီစဉ်ဆောင်ရွက်ထားမှုများ၊ ရေ၊ မီး စသည်ဖြင့် စီစဉ်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးထံ လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်း - ကိုကိုမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)