စိုက်ပျိုးရေးဦးဌာနမှ ပိုးသတ်ဆေးများကို အန္တရာယ် ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေးဦးဌာနမှ ပိုးသတ်ဆေးများကို အန္တရာယ် ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်






MNP ၊  မတ် ၂၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊  စားသုံးရေးရာ အကာအကွယ်ပေးရေး၊ ပိုးသတ်ဆေးများကို အန္တရာယ် ကင်းရှင်းစွာ စနစ်တကျကိုင်တွယ်သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေးသင်တန်းကို ပေါက်တောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီပြုလုပ်သည်။

      အဆိုပါအခမ်းအနားကို ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်းသန်းဌေးမှ သင်တန်းသို့တက်ရောက်လာကြသည့် တောင်သူများအား သင်တန်းပြုလုပ်ရခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ အစားအစာများ ဘေးကင်းလုံခြုံရေး အကြောင်းအရာများကို ဆွေးနွေးပြောကြားကြပြီး ပထမပိုင်းအခမ်းအနားဖွင့်ပွဲကို ခေတ္တ ရပ်နားကာ ဒုတိယပိုင်းအစီအစဉ်ဖြင့် ပေါက်တောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သက်ဆိုင်ရာစိုက်ပျိုးရေးဝန်ထမ်းများက ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျကိုင်တွယ်သုံးစွဲကြပုံတို့ကို အကျယ်တဝင့်ဆွေးနွေးပို့ချသွားကြမည်ဖြစ်ပြီး  တောင်သူစုစုပေါင်း (၅၁)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)