လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာ(အရှေ့ပိုင်း)မြိုနယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 


MNP - မတ်    ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်  အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ဆွေးနွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေး၊ ဥပဒေနှင့်အညီ ပါဝင်ရမည့်သူများ ပါဝင်ခွင့်ရရှိပြီး မပါဝင်သင့်သူများ မပါဝင်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိမနေစေရေးတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) အပေါ်အခြေခံပြီး ပြုစုလျက်ရှိပါကြောင်း၊ ယခုအခါ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်း၊များ ပြုစုပြီးဖြစ်ပါ၍ အခြေခံမဲဆန္ဒရှင် စာရင်းများကို မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးသည့် ရှေ့ပြေးလုပ်ငန်းစီမံချက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စုများအလိုက် မြေပြင်လူဦးရေ စာရင်းများအား နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှုရှိစေရန် ပြုစုသွားမည်ဖြစ်ပါကြောင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြိုနယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့နှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့အား ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွန်းက ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ ပြုလုပ်ပေး လျက်ရှိသည့် အခြေအနေများနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးရဲကျော်သူက မဲစာရင်းများ စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစဉ်များ အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လှိုင်သာယာ (အရှေ့ပိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာတို့တွင်ရှိသည့် အိမ်ထောင်စုလူဦးရေ လက်ရှိရှိနေသောအခြေအနေ၊ စာရင်းပြုစုပြီးသော အခြေအနေများကို ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားများကိုလည်း ပန်းခင်းစီမံချက်အရ ဆောင်ရွက်ရမည်ဖြစ်ကြောင်းကို ထပ်မံဖြည့်စွက် ညိနှိုင်းဆွေးနွေးခဲ့သည်။

သတင်း - ခင်ဝင်းမူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)