MNP - မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကုန်းကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မင်္ဂလာအချိန်ကျရောက်သည့်အခါ ကုန်းစုကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦး၊ အိမ်မဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကောင်းမြတ်စံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ကုန်းစုကျေးရွာမီးလင်းရေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ကုန်းစုကျေးရွာ လျှပ်စစ်မီးရရှိခြင်းမှာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
သတင်း - ချစ်သက်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment