ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး "မိဘပြည်သူ့များသို့ အသိပေးကြေညာချက်"ဆိုင်းဘုတ်စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး "မိဘပြည်သူ့များသို့ အသိပေးကြေညာချက်"ဆိုင်းဘုတ်စိုက်ထူ


MNP - မတ်   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မစိုစစ်ဆေးရေးဂိတ်အနီး ရန်ကုန်မြို့အဝင် အမှတ် ၂ လမ်းမကြီး လမ်းသုံးခွဆုံဂိတ် အများပြည်သူ မြင်သာနိုင်မည်နေရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ဦးစီးမှူးရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ (၂၀၂၂)ခုနှစ် ဧပြီလ (၁)ရက်နေ့မှစတင်၍ နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပညာပေး ကြေညာချက်များ ပါရှိသော ၈ ပေ ၆ ပေ အရွယ်ရှိ ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၎င်းအသိပညာပေး ကြေညာချက်စာသားတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ထောက်ခံစာဖြင့် ခရီးသွားလာခြင်း တည်းခိုနေထိုင်ခြင်းမပြု‌တော့ပါ၊ နိုင်ငံသားကတ်(မှတ်ပုံတင်) အသုံးပြုမည်နေရာတိုင်းတွင် ပြသစစ်ဆေးခံရမည်၊ တာဝန်ရှိသူမှ စစ်ဆေးပါက ကြည်ဖြူစွာ စစ်ဆေးခံရန် ပြည်သူလူထုမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးနိုင်ရေး အစရှိသော မိဘပြည်သူသို့ အသိပေးကြေညာခြင်းဟု ရေးသား၍ စိုက်ထူထားကြောင်း သိရသည်။

အဆိုပါဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အသိပညာပေးကြေညာချက် ဗွီနိုင်းဆိုင်းဘုတ် စိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းနိုင်နှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပီးနောက် ဆက်လက်၍ နိုင်ငံသားကတ်ပြား(မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းအဖြစ် တည်းခိုခန်းများတွင်လည်း အသိပညာပေးစတစ်ကာများ ကပ်ပေးသွားမှာဖြစ်‌ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးထံက သိရသည်။

သတင်း - ဝင်းအိမွန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)