ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ - ခု၊ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များဈေးပြိုင်စနစ်ဖြင့်(ပထမ)အကြိမ်လေလံတင်ရောင်းချပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ - ခု၊ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များဈေးပြိုင်စနစ်ဖြင့်(ပထမ)အကြိမ်လေလံတင်ရောင်းချပွဲ ကျင်းပ






MNP - မတ်    ၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃-ခု၊ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ ဈေးပြိုင်စနစ်ဖြင့်(ပထမ) အကြိမ် လေလံတင်ရောင်းချပွဲကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်

စည်ပင်သာယာရေးအဖွဲ့ရုံး စည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြပါသည်။

ထိုသို့ကျင်းပရာတွင် အရပ်ရပ်အခွင့်အရေးလိုင်စင်များဈေးပြိုင်စနစ်ဖြင့် (ပထမ)အကြိမ်လေလံတင်ရောင်းချမည့်လုပ်ငန်းများ၏ရောင်းချပေးမှုဆိုင်ရာ ဥပဒေ စည်းကမ်းချက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဇေယျာဖြိုးမှဖတ်ကြားပေးပါသည်။ ထို့နောက်(ပထမ)အကြိမ်လေလံတင်ရောင်းချပေးမည့်အရပ်ရပ်အခွင့်အရေးလိုင်စင်များဖြစ်သည့် သားသတ်လုပ်ငန်းလိုင်စင် (၅) ခု၊ ကူးတို့လုပ်ငန်းလိုင်စင်(၁) ခု၊အပေါင်ဆိုင်လုပ်ငန်းလိုင်စင်(၂၆) ခု၊ ဆိပ်ကမ်းကောက်လုပ်ငန်းလိုင်စင် (၂) ခု၊ ဈေးကောက်လုပ်ငန်းလိုင်စင် (၄)ခု နှင့်အိမ်သာကောက်လုပ်ငန်းလိုင်စင်(၁)ခု တို့ကို (ပထမ)အကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးပါသည်။

အဆိုပါ အရပ်ရပ်အခွင့်အရေးလိုင်စင်များဈေးပြိုင်စနစ်ဖြင့်(ပထမ)အကြိမ်လေလံတင်ရောင်းချပွဲသို့ ရမ်းဗြဲမြို့နယ်အတွင်းမှလက်ရှိ၎င်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြသော လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီးရမ်းဗြဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များမှလေလံကြီးကြပ်ရေးအဖွဲ့အဖြစ်ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)