အိမ်မဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတ ဉာဏ်ပညာ တိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာဗဟုသုတ ဉာဏ်ပညာ တိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ



MNP - မတ်    ၂၇

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့် အညီ ပညာရေး ကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန် ဖွံ့ဖြိုးတိုးတက်စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၁) ရွှေညီလာခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူးက အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ရေးခေါင်းစဉ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်အိအိမျိုးက လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်၊ ပညာရေးဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းအုပ်ဆရာကြီး ကိုယ်စား အလယ်တန်းပြဆရာမ ဒေါ်စန်းယုရွှေက စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ အ.ထ.က (၁)ကျောင်းမှ ကျောင်းသား/သူ (၁၆၀)ဦးခန့် တက်ရာက်ခဲ့ကြောင်း သိရသည်။ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဆရာ/မများနှင့် ကျောင်းသား/သူများကို ဖြန့်ဝေပေးခဲ့ပြီး (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်ဓာတ်ပုံများ ပြသထားရှိရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)