ဘိုကလေးမြို့နယ်တွင် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်ပို့ချနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်ပို့ချနေ



MNP - မတ်    ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက် ကာလများအတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်မောင်မယ်များ အနေဖြင့် အားလပ်ချိန်များအား ကောင်းမွန်သည့် နည်းလမ်းများဖြင့် အသုံးပြုနိုင်စေရေးကို ရည်ရွယ်၍ မတ်လ(၂၅)ရက်နေ့မှ စတင်၍ ကျွမ်းကျင်အားကစား နည်းပြများနှင့်အတူ နွေရာသီအားကစား သင်တန်းများ ပို့ချပေးလျက်ရှိသည်။

ပို့ချပေးရာတွင် မြို့နယ်အားကစားခန်းမ၌ ကြက်တောင်၊ အေရိုးဗစ်၊ ရိုးရာခြင်းလုံးခတ်၊ မြန်မာ့သိုင်းသင်တန်းများ သင်ကြားပို့ချလျက်ရှိပြီး မြို့နယ်အောက်ပိုင်း ဘောလုံး အားကစားကွင်းတွင် ဘောလုံးကစားနည်း၊ ပြေးခုန်ပစ် ကစားနည်းများ သင်ကြား ပို့ချလျက်ရှိသည်။

အဆိုပါ အားကစားသင်တန်းများအား ဧပြီ(၇)ရက်အထိ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းသို့ ဘိုကလေးမြို့နယ်အတွင်းမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၁၄၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သတင်း - မိုးစက်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)