ဝေမျှခြင်းပရဟိတမိသားစုမှ နပ္ပလင်ကျေးရွာနှင့်စံပြကျေးရွာသို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှ နပ္ပလင်ကျေးရွာနှင့်စံပြကျေးရွာသို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း

 


MNP - မတ်   ၂၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာနှင့်စံပြကျေးရွာသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲက သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာနှင့်စံပြကျေးရွာသို့ သောက်သုံးရေဂါလံ ၃၂၀၀ လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တဲတိုက်များ၊ ကျေးရွာများအတွက် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် နပ္ပလင်းကျေးရွာ ၁၆၀၀ ဂါလံနှင့်စံပြကျေးရွာအတွက် ၁၆၀၀ ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၁,၄၂၆၀ ဂါလံကို ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်နေသော ကျေးလက်ပြည်သူများအား ဖြန့်ဝေပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာတွင် အိမ်ခြေ ၁၀၀ အိမ်ရှိပြီး စံပြကျေးရွာတွင် အိမ်ခြေ ၇၀ ကျော်ရှိကာ လူဦးရေ ၂၀၀ ခန့်နေထိုင်သည့်ကျေးရွာဖြစ်ကြောင်း သိရသည်။

သတင်း - ကိုထိန်

မြန်မာနေရရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)