တရုတ်နိုင်ငံက ယူကရိန်း-ရုရှား ဆွေးနွေးညှိနှိုင်းမှုများအား ကြိုဆိုပြီး ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံက ယူကရိန်း-ရုရှား ဆွေးနွေးညှိနှိုင်းမှုများအား ကြိုဆိုပြီး ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ဟု ပြောရေးဆိုခွင့်ရှိသူ ပြောကြား



ပေကျင်း ၊ မတ် ၁ 

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံအကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေသည့် သံတမန်ရေးရာကြိုးပမ်းမှုများအားလုံးကို အမြဲတမ်း ထောက်ခံအားပေးကြောင်း နှင့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခြင်းအား ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။ 

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖေဖော်ဝါရီ ၂၈ ရက်တွင်ပြုလုပ်သော နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ဘီလာရုဇ်နိုင်ငံ Gomel ဒေသ၌ ပြုလုပ်ခဲ့သည့် ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းမှုများအား တုံ့ပြန်ဖြေကြားရာတွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 

“မကြာမီကာလအတွင်း ဆွေးနွေးညှိနှိုင်းမှု အဆင့်အသစ်တစ်ခု ပြုလုပ်ဖို့ နှစ်ဘက်က သဘောတူခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံအနေဖြင့် ဥရောပ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှု အထောက်အကူဖြစ်စေရေး နှင့် ဥရောပ၏ ဘုံလုံခြုံရေးအာမခံချက်အား ဖြည့်ဆည်းရေး ၊ နှစ်ဘက်၏ လက်တွေ့ကျသည့် လုံခြုံရေးစိုးရိမ်ပူပန်မှုများအား ထည့်သွင်းစဉ်းစားသည့် နိုင်ငံရေးအရ အဖြေရှာရေး နှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်များအား နှစ်ဘက်လုံးက ဆက်လက်ဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)