ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းကျင်းပပြုလုပ်




MNP - မတ်    ၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်တရားရေးဦးစီးမှူးများ / ခရိုင်တရားသူကြီးများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၏ (၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်မှာကြားချက် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ကချင်ပြည်နယ် တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ကချင်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးတူးမော်၊ ပြည်နယ် တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေး အရာရှိများ၊ တရားသူကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းပွဲတွင် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာမှ ပြည်ထောင်စု တရားသူကြီးချုပ်က အမှုအခင်းများကို ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ဝန်ထမ်းကျင့်ဝတ်များနဲ့ တရားစီရင်ရေး ကျင့်ဝတ်များကို လေးစားလိုက်နာ စောင့်ထိန်းသွားကြရန်၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်းရဲ့ ပဉ္စမနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၂) ရည်မှန်းချက်များ အောင်မြင်စေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ယခုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကြီးမှာ ဆွေးနွေး တင်ပြချက်များအပေါ် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းအဝဝ အောင်မြင်တိုးတက်ရေးကို ရှေ့ရှုပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားမှုများအား ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးတူးမော်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်၊ ခရိုင်၊မြို့နယ် တရားရုံးများမှ တရားရေး အရာရှိများ၊တရားသူကြီးများမှ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများအား တင်ပြဆွေးနွေးကြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်တရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ပြန်လည် ရှင်းလင်းဆွေး‌နွေးခဲ့ပြီး တရားရုံးစီမံခန့်ခွဲရေး ကိစ္စရပ်များအားလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)