ဟိုပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ငွေများပေးအပ်





MNP - မတ်    ၂၅

"ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် MCCT (Maternal and Child Cash Transfer) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ရွှေဝါကျေးရွာနှင့် နောင်မိုကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာတွင် "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နွေမိုးအေးဦးဆောင်၍   ခရိုင်၊ မြို့နယ်အသင်းအဖွဲ့ဝင်များနှင့် ဟိုပန်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြကေခိုင်နှင့် ဝန်ထမ်းများ ပူးပေါင်းကာ မိခင်နှင့်ကလေးများ ကျန်းမာသန်စွမ်းပြီး  အာဟာရဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟိုပန်မြို့နယ်၊ ရွှေဝါကျေးရွာတွင် ကိုယ်ဝန်ဆောင်မိခင် (၄)ဦး၊ အသက် (၂)နှစ်အောက် ကလေးသူငယ်(၅)ဦးနှင့် နောင်မိုကျေးရွာတွင် အသက်(၂)နှစ်ကလေးသူငယ် (၈)ဦး စုစုပေါင်း (၁၇)ဦးတို့အား အချိုရည်၊ အာဟာရမုန့်များနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက် ဟိုပန်မြို့နယ်အတွင်းမှ ယခင်က အကျိုးခံစားခွင့်ရရှိပြီးသော ကလေး(၂၁၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားလာသောကလေးငယ် (၂၀၅)ဦး စုစုပေါင်း ကလေးငယ် (၄၁၅)ဦးအား တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ (၄၅၀၀၀) ကျပ်၊ စာရင်းအသစ်သွင်းထားသော ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန် (၂) လရှိမိခင် (၂၃)ဦးတို့အား  တစ်ဦးလျှင် (၁၅၀၀၀) ကျပ်၊ ကိုယ်ဝန် (၃)လရှိမိခင် (၁၉)ဦးအား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်၊ ကိုယ်ဝန်ဆောင် (၄)လမှ (၁၀)လ မိခင် (၁၉၂)ဦးသည် တစ်ဦးလျှင်( ၄၅၀၀၀) ကျပ် စုစုပေါင်း MCCT အစီအစဉ်တွင် အကျိုးခံစားခွင့်ရှိသူပေါင်း (၆၄၉)ဦး ရှိကြောင်းနှင့် ထောက်ပံ့ရန်ကျန်ရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။

သတင်း - ဇင်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)