ဒီပဲယင်းမြို့တွင်အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြို့တွင်အသက် ၂ နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ


MNP - မတ်     ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့တွင်အသက် ၂နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်တွင် ဒီပဲယင်းမြို့ ပြည်သူ့ဆေးရုံတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဝန်ဆောင်မိခင်များအား သွေးပေါင်ချိန်ပေးခြင်း ဆီးချိုသွေးတိုး ရှိ/မရှိ စစ်ဆေးပေးခြင်း လိုအပ်သောဆေးဝါးများကို အခမဲ့ထုတ်ပေးခြင်း အသက် ၂နှစ်အောက်ကလေးများကိုလည်း အသက်အရွယ် လအပိုင်းအခြားပေါ် ကြည့်ရှုပြီး ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ကျန်းမာရေး စောင့်ရှောက်များကို အခမဲ့ဆောင်ရွက်ပေး လျက်ရှိသည်။

ဒီပဲယင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂၈ နေ့တွင် အသက် ၂နှစ် အောက် က‌‌လေး(၁၈၃)ဦးကို ဝန်ဆောင်မိခင်(၃၀)ဦး ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မတ်လ ၃ ရက်နေ့ထိ နံနက် ၁၀ နာရီမှ ညနေ့ ၄ နာရီထိ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)