မိုင်းပျဉ်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး


MNP - မတ်     ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ခု (၆)လပတ် ဘဏ္ဍာရေးနှစ် ရေပေးရေးနှင့် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးလျက်ရှိကြောင်း သိရသည်။

အဆိုပါစိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများဖြစ်သည့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၈၄.၄၂၄)သန်းဖြင့် ပန်နောင်လုံ ကျေးရွာအုပ်စု၊ ဝမ်နောင်ကျေးရွာနှင့် ကြိုးဆာကျေးရွာများအားလည်းကောင်း ပြည်ထောင်စု(နိုင်/ထောက်) ခွင့်ပြုရန်ပုံငွေ ကျပ် (၁၉.၉၇)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ဖာဝေါကျေးရွာ အုပ်စု၊ ဟွေမု-၂ ကျေးရွာများကိုလည်းကောင်း၊  ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၃၇.၇)သန်းဖြင့် ပန်ဝိုင်ကျေးရွာနှင့် ဝမ်ကောင်း(အောက်) ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးမှုအခြေအနေများအား မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ပြီး စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ(၄)ရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။

သတင်း - ခင်သန္တာအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)