ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ကျေးရွာများအရောက် ကိုဗစ်ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ကျေးရွာများအရောက် ကိုဗစ်ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ

 


MNP - မတ်   ၂၇

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အသက်၁၈နှစ်အထက် အကြောင်းအမျိုးမျိုး ကြောင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား ရပ်ကွက်/ကျေးရွာ များ အရောက် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်ကိုဗစ်၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသက်(၁၈) နှစ်အထက် ကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံပြီးစီးရေး သတ်မှတ်ဆေးထိုးဇုံများအပြင် ရပ်ကွက် ကျေးရွာများ အရောက်ကွင်းဆင်း ဆေးထိုးခြင်း လုပ်ငန်းကို  မတ်လ(၁၀) ရက်နေ့မှစတင်၍ စတင်ဆောင်ရွက်ခဲ့ပြီးလက်ရှိအချိန်ထိ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ထိုးနှံပေးလျက်ရှိကြောင်း ၊ဆိပ်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် အသက်(၁၈)နှစ်အထက် စာရင်းရှိ လူဦးရေ ( ၈၁၇၃၇) ဦးရှိပြီး ၊ မတ်လ၂၆ ရက်နေ့အထိ  ပထမအကြိမ် ကာကွယ်ဆေးထိုးပြီး လူဦးရေ (၄၈၆၀၈) ဦး ၊ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး လူဦးရေ ( ၂၅၄၁၆) ဦး ၊စုစုပေါင်း ၅၉ ဒဿမ ၄၆ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရပြီး ၊ ရပ်ကွက် ကျေးရွာများထံလာရောက် ကိုဗစ် ကာကွယ် ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးခြင်းအတွက် ဒေသခံပြည် သူများက ကျေးဇူတင် ရှိပါကြောင်း ၊ ယခင်က ဆေးထိုးဇုံများ၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို သိရှိသော်လည်း မိသားစုစားဝတ်နေရေးအတွက် လယ်မြေ၊ ကုန်းစိုက်ပျိုး မြေများ စိုက်ပျိုးရေး လုပ်ငန်းများ၊ သွားလာရေးအတွက် ယာဉ်အခက်ခဲများရှိ၍ သွားရောက်ထိုးနှံနိုင်ခြင်း မရှိခဲ့ကြောင်း ၊ ယခုလို ကျေးရွာအရောက် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရသည့် အတွက် ဝမ်းသာပျော်ရွှင် ကျေးဇူတင်ရှိပါကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရသည်။

သတင်း - စိုးလင်းနိုင်

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)