မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်းသတ်ရေး သရုပ်ပြသ



MNP  မတ်   ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  အမှတ်(၇) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက  ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်   အမှတ်(၇)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့(ခွဲ)၌နေထိုင်ကြသော တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား  ငါးခူရပြန်လည် လက်ခံရေးစခန်း(မီးသတ်)စခန်း တာဝန်ခံ ဦးအောင်နိုင်ဖြိုး ဦးဆောင်၍ တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်  မီးကိုစနစ်တကျ အသုံးပြုစေရေး၊  လျှပ်စစ်မီးအသုံးပြုသူများ အနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ၊ မီးပလက်ပေါက်များ ဟောင်းနွမ်းနေပါကလည်း သက်ဆိုင်ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင် အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက် ပြုတ်သူများ အနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်လိုင်းခန်းများတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ် ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့် ထားရှိရန် လိုအပ်ကြောင်း စသည့်တို့အား အသိပညာပေး ဟောပြောပြီး မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်လိုင်းခန်းများတွင် နေထိုင်ကြသော တပ်ဖွဲ့ဝင် မိသားစုများအား  ရှေးဦး မီးသတ်ဆေးဘူး၊ အဝတ်စိုဖြင့် မီးငြိမ်းသတ်စေရေး၊ မီးငြိမ်းသတ်ရေး နည်းစနစ် စသည့်တို့ကို လက်တွေ့ လေ့ကျင့်စေခြင်း များအား ဆောင်ရွက်စေခဲ့ကြကြောင်း သိရသည်။

သတင်း -  အောင်ကျော်စိန်၊ သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)