MNP - မတ် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဌာနပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးအခမ်းအနားကိုယနေ့နံနက် ၈ နာရီခွဲက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ ဒေါ်အေးအေးခိုင် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက မိတ်ဆက်စကားနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် မူဝါဒလုပ်ငန်းစဉ်အား ရှင်းလင်း ပြောကြားကာ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင် ဒေါ်ထက်ထက်အောင် က လုပ်ငန်းအစီရင်ခံစာအားဖတ်ကြားသည်။
ထို့နောက် အမှုဆောင် ဒေါ်နီလာအောင် က ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းအားဖတ်ကြားပြီး ဒါရိုက်တာအဖွဲ့ ၏လုပ်ငန်းအစီရင်ခံစာနှင့်ဘဏ္ဍာရေးရှင်းတမ်းအား အတည်ပြုချက်ရယူကာ အသင်းသား/သူများ ၏အကြံပြုချက်ကိုရယူ၍ သဘာပတိ ဒေါ်အေးအေးခိုင် က လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။
သတင်း - ရွှေပင်လယ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment