လူမှုကွန်ရက်စာမျက်နှာပေါ်၌ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ငွေစက္ကူ အတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမှုကွန်ရက်စာမျက်နှာပေါ်၌ ငွေစက္ကူအတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင် ပြောဆို၍ ငွေစက္ကူ အတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူခဲ့သူများအား ဖော်ထုတ် ဖမ်းဆီး





MNP ၊ မတ် ၃၀

မသမာသူများအနေဖြင့် လူမှုကွန်ရက်ဖြစ်သည့် Facebook တွင် အမည်အမျိုးမျိုးဖြင့် ကိုယ်ပိုင် Page များ ဖွင့်လှစ်အသုံးပြုကာ ငွေစက္ကူ အတုများ ဝယ်ယူရရှိနိုင်ကြောင်း ယုံကြည်အောင်ပြော ဆို၍ ၎င်းတို့နှင့်ဆက်သွယ်လာသူ ငွေစက္ကူ အတုဝယ်ယူလိုသူများထံမှ ငွေကြေးလိမ်လည် ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ Facebook အကောင့်ပိုင်ရှင်များအား ဖမ်းဆီး ရမိရေးအတွက် အထူး အမှုစစ်အဖွဲ့များ ဖွဲ့စည်း၍ နည်းပညာအကူအညီရယူကာ စုံစမ်းရှာ ဖွေဖော်ထုတ်ခဲ့ရာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငွေစက္ကူ အတုအရောင်းအဝယ်ပြုလုပ်ရန် ဖွင့်လှစ်ထားသော Facebook Page များဖြစ်သည့် “Shine Money” ငွေတုရောင်းဝယ်ရေး၊ “ဝိုင်ကြီးပိုင်ကြီး” ၊ “ကျီးကောင်းမြတ်၊ “ခြူးခြူး” “ထိုင်းဘာသာဖြင့်ရေးသားထားသည့် Facebook Page”၊ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူး ရောင်းဝယ်ရေး၊ “ငွေတုရောင်း ဝယ်ရေး” Facebook Page တို့အား စိစစ်တွေ့ရှိခဲ့ရပါသည်။

ထိုသို့ စိစစ်တွေ့ရှိရသည့် Facebook Page ပိုင်ရှင်များအား နည်းပညာအကူအညီများဖြင့် ဖော်ထုတ်ဖမ်း ဆီးရမိရေးဆောင်ရွက်ခဲ့ရာ "Shine Money" ငွေတုရောင်းဝယ်ရေး Facebook Page အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် မြို့နယ်၊ ကျွဲတဲကုန်းကျေးရွာအုပ်စု ညောင်ဝင်းကျေးရွာနေ ဇွဲဝေဖြိုး(၂၂)နှစ်၊ (ဘ) ဦးကျော်သူရမိုးနှင့် အေးပပ(၁၈)နှစ်၊ (ဘ)ဦးမျိုးညီညီတို့ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည့် အတွက် မတ်လ ၃ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်းတို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ငွေစက္ကူ အတုနှင့် ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ငွေစက္ကူ အတုများရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။


အလားတူ “ပိုင်ကြီးပိုင်ကြီး” Page၊ “ကျီးကောင်းမြတ်” Page ၊ “ခြူးခြူး” Page ၊ ထိုင်း ဘာသာဖြင့် ရေးသား ထားသည့် Page တို့ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော် ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်း ကျေးရွာနေ သက်ပိုင်ဖြိုး (၃၀)နှစ်၊ (ဘ)ဦးမျိုးမြင့် ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူအတု နှင့်ပတ်သက်၍ ဆက်စပ် ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိသော်လည်း ၎င်း၏လက်ကိုင်ဖုန်းမှ အထက်ပါအကောင့် များဖြင့် ဆက်သွယ်ရေးကွန်ရက်အားအသုံးပြုပြီး ယုံကြည်အောင်ပြော ဆိုကာ ငွေကြေးလိမ်လည် ရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။


အလားတူ “အောင်ကောင်းမာန်” ငွေတုစက္ကူဖြန့်ဖြူးရောင်းဝယ်ရေး Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်း ကျေးရွာအုပ်စု၊ ညောင်ဝင်းကျေးရွာနေ ဟိန်းထက်ဖြိုး(၁၈)နှစ်၊ (ဘ) ဦးကျော်စိုးနိုင်မှ အသုံးပြုလျက် ရှိကြောင်း သိရှိရသည့်အတွက် မတ်လ ၃ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူ အတုနှင့်ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်းမရှိ သော်လည်း ၎င်း၏လက်ကိုင်ဖုန်းမှ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ငွေအတုများရရှိမည် ဖြစ်ကြောင်းပြောဆိုပြီး အခြားသူများထံမှ ငွေကြေးလိမ်လည်ရယူ ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ ပါသည်။


အလားတူ “ငွေတုရောင်းဝယ်ရေး” Facebook Page ကို အသုံးပြုသည့် အကောင့်ပိုင်ရှင်အား စုံစမ်းဖော် ထုတ်ခဲ့ရာ မြန်အောင်မြို့နယ်၊ ကနောင်မြို့၊ ကျွဲတဲကုန်းကျေးရွာအုပ်စု၊ ညောင်ဝင်း ကျေးရွာနေ သက်ဝေခိုင်(၁၈) နှစ်၊ (ဘ)ဦးရဲမြင့်၊ အေးပြည့်စုံ(၁၇)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ အောင်ခန့်ပိုင် (၁၇)နှစ်၊ (ဘ)ဦးစိန်သောင်းတို့ ၃ ဦးမှ အသုံးပြုလျက်ရှိကြောင်း သိရှိရသည့် အတွက် မတ်လ ၃ ရက်နေ့ ည ၁၀ နာရီခွဲတွင် ၎င်းတို့၏ နေအိမ်များသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ငွေစက္ကူ အတုနှင့် ပတ်သက်၍ ဆက်စပ်ပစ္စည်းများ ရှာဖွေတွေ့ရှိခြင်း မရှိသော်လည်း ငွေစက္ကူ အတုများ ရရှိမည်ဖြစ်ကြောင်း အခြားသူများ ယုံကြည်အောင်ပြောဆိုကာ ငွေကြေးလိမ်လည်ရ ယူခဲ့ရာ၌ အသုံးပြုခဲ့သော Facebook Page များဖွင့်လှစ်ထားသည့် လက်ကိုင် ဖုန်း ၇ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။


ဖမ်းဆီးရမိသူများ၏ ထွက်ဆိုက်ချက်အရ ၎င်းတို့သည် ငွေစက္ကူ အတုများရောင်းဝယ်ရေးဟု ဖော်ပြထားရှိ သော်လည်း အမှန်တကယ်ငွေစက္ကူ အတုများပြုလုပ်၍ အရောင်း အဝယ်ပြုလုပ်ခြင်း မဟုတ်ဘဲ လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြု၍ ငွေစက္ကူ အတုဝယ်ယူ လိုသူများအား ယုံကြည်အောင် ပြောဆိုပြီး ငွေစက္ကူ အတုမှာယူရန် ကြိုတင်ငွေလွှဲပေးပို့သည့် ငွေများကို လိမ်လည်ရယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်သိရှိရသည့်အတွက် ဖမ်းဆီး ရမိခဲ့သူ ဇွဲဝေဖြိုးပါ ၇ ဦးတို့အား ကနောင် နယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်းနှင့် အလားတူ ငွေစက္ကူအတုများ အရောင်း အဝယ်ပြုလုပ်သူများအား ဆက်လက်စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း ထိုကဲ့သို့ အရောင်းအဝယ်ပြုလုပ်သူများအား သိရှိပါက နီးစပ်ရာရဲစခန်းများသို့ သတင်းပေးပို့ တိုင်ကြားနိုင်ပါကြောင်း အသိပေးသတင်းထုတ်ပြန် ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)