နောင်ချိုတွင် နွေရာသီ အားကစား အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုတွင် နွေရာသီ အားကစား အခြေခံသင်တန်း ဖွင့်ပွဲကျင်းပ




MNP - မတ်   ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် နွေရာသီအားကစား အခြေခံသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃:၀၀ နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျောက်မဲခရိုင် မြို့နယ်ပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲတွင် နောင်ချိုမြို့နယ် ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သော အေရိုးဗစ်အဖွဲ့မှ ကပြဖျော်ဖြေခဲ့သည်။ ၎င်းနောက် သင်တန်းပထမနေ့ အဖြစ် စတင်သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းတွင် စားပွဲတင်တင်းနစ် ၊ ပိုက်ကျော်ခြင်း ၊ ကြက်တောင် ၊ အေရိုးဗစ် အားကစားနည်း (၄)မျိုးကို  ၂၆-၃-၂၀၂၂ရက်မှ ၈-၄-၂၀၂၂ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ၊ မြို့နယ်အတွင်း မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြု အားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင် အားကစား သမားများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ နွေရာသီအားကစား အခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းကိုနေ့စဉ် ညနေ့(၃)နာရီမှ (၅)နာရီထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။

သတင်း - ထွေးငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)