ကသာမြို့၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့၌ သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်




MNP - မတ်    ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၂)သင်တန်းတက်ရောက်နေသော သင်တန်းသူများအား သတင်းအမှားအမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် Social Media အသုံးပြုရာတွင် ဆောင်ရန်၊ ရှောင်ရန်များအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ညနေပိုင်းက ကသာမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောကလျာက လူမှုမီဒီယာများ၏ ကောင်းကျိုးဆိုးကျိုး၊ လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြလျက်ရှိသည့် သတင်းများအပေါ် သတင်းအမှားအမှန်ခွဲခြားသုံးသပ်နိုင်စေရန်၊ စာပေဖတ်ရှုလေ့လာမှုအား ကောင်းမွန်ခြင်းဖြင့် အကျင့်စာရိတ္တကောင်းမွန်လာစေမည့် အကျိုးကျေးဇူး များ၊ မိမိတို့ရည်မှန်းချက်ဖြစ်သည့် အိမ်တွင်းမှုသက်မွေးဝမ်းကျောင်းပညာရပ်များကို ပြီးမြောက်အောင် ကြိုးပမ်းသင်ယူရမည်ဖြစ်ကြောင်း စသည်တို့ကို ဆွေးနွေးဟောပြောသည်။

ထို့နောက် ကသာခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော် က "အမျိုးသမီးများနှင့် စွမ်းအား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကသာမြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးမွန်စံက "စိတ်ဖိစီးမှုလျှော့ချရေးနှင့် အားကစားကဏ္ဍ" ခေါင်းစဉ်ဖြင့် လည်းကောင်း ဆက်လက်အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)