တရားမဝင် ကျွန်းသစ်၊ လူသုံးကုန်၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရားမဝင် ကျွန်းသစ်၊ လူသုံးကုန်၊ ဆိုင်ကယ်အပိုပစ္စည်းများနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိ


MNP - မတ်    ၂၈

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှု များကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ် ၂၆ ရက်တွင် ကရင်ပြည်နယ် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ဘုရားကြီးမြို့သို့ သွားရောက် မည့် (လိုင်စင်မဲ့) ဆီသယ်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) ဖမ်းဆီးရ မိခဲ့ပြီး ကော့ကရိတ်မြို့မရဲစခန်းသို့ လွှဲပြောင်း၍ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းမြို့ တော်ဝင်တံတား စစ်ဆေးရေးတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တော်ဝင်စစ်ဆေး ရေးတံတား၏ ဆိပ်ခံတံတား၌ စုပုံထားရှိသော တရားဝင် တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆိုင်ကယ်အပို ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၂၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ် ၂၇ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့ နယ်အတွင်း တရားမဝင်လူသုံးကုန် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၄၀၀၀) ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ဟုမ္မလင်း မြို့နယ်အတွင်း (လိုင်စင်မဲ့) မော်တော်ဆိုင်ကယ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀) ကို လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇၁၄၀၀၀) ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ရှိ သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင်ကျွန်းသစ် (၆ ဒသမ ၉၇၅၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၁၉၇၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၂၆ ရက်နှင့် ၂၇ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲခြောက်မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၅၄၃၅၉၀၀) ဖြစ်ကြောင်းတရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)