သဲကုန်းမြို့နယ် ဥပဒေရုံးအဆောက်အဦဖွင့်ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ် ဥပဒေရုံးအဆောက်အဦဖွင့်ပွဲသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်ချီးမြှင့်




MNP - မတ်   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ဥပဒေရုံးအဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါရုံးရှေ့၌ ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်လွင်က ရုံးဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ကျေးဇူးတင်စကား ပြောကြားကာ ပျူနွယ်ဖွားကုမ္ပဏီ မန်နေဂျာ ဦးထွန်းထွန်းဝင်းက သဲကုန်းမြို့နယ်ရုံး အကြီးစားပြင်ဆင်ဆောက်လုပ်ခြင်း မှတ်တမ်းများအား တိုင်းဒေသကြီး ဥပဒေအရာရှိထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် သဲကုန်းမြို့နယ် ဥပဒေရုံးအဆောက်အဦသစ်အား ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်နှင့်အဖွဲ့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်း၊ ဥပဒေရုံးအဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များ ပေးအပ်ကြပြီး အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ ရုံးအဆောက်အဦသစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုငွေကျပ် ၂၂.၂၈ သန်းဖြင့် အလျား ၂၅ ပေ၊ အနံ ၃၇ ပေ၊ အမြင့် ၁၁ ပေ ကျယ်ဝန်း RC တစ်ထပ် အဆောက်အဦ အမျိုးအစားဖြစ်ကြောင်း သိရသည်။

သတင်း - ဝင့်နန္ဒာဌေး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)