နမ့်စန်မြို့တွင် ဖွင့်လှစ်သည့်နွေရာသီအားကစားအခြခံသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၁၂၀ ကျော် တက်ရောက်သင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်စန်မြို့တွင် ဖွင့်လှစ်သည့်နွေရာသီအားကစားအခြခံသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၁၂၀ ကျော် တက်ရောက်သင်ကြား



MNP - မတ်   ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားအခြေခံသင်တန်းကို အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် မတ်လ ၂၁ ရက် ညနေပိုင်းမှစ၍ စတင်ဖွင့်လှစ် သင်ကြားပေးလျှက်ရှိရာ အားကစား ဝါသနာပါသူ သင်တန်းသားသင်တန်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျှက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဘောလုံးနှင့် ဖူဆယ်အားကစားနည်းကို နံနက် ၈နာရီခွဲ မှ နံနက် ၁၀နာရီခွဲအထိလည်းကောင်း၊  ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားနည်းများကို နေ့လည် ၂နာရီ  မှ ညနေ ၄နာရီထိလည်းကောင်း၊ မြန်မာ့သိုင်းနှင့် ရိုးရာလက်ဝှေ့  အားကစားနည်းကို ညနေ ၄နာရီ မှ ညနေ၆နာရီခွဲထိလည်းကောင်း အချိန်များသတ်မှတ်၍  ရက်(၂၀)ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ယနေ့အထိ လာရောက်သင်ကြားသူ ကျား၊ မ၊ စုစုပေါင်း (၁၂၀) ဦး ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

နမ့်စန်မြို့နယ်တွင် မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေး၊ မြို့နယ်/ ခရိုင်/ ပြည်နယ်ကိုယ်စားပြု အားကစားသမားများမှတဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ အားကစားမြှင့်တင်ခြင်း လုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်တို့ကို ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာအားကစားနည်းပြများက အားကစားအမျိုးအစားအလိုက် စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုလက်ထောက် ကြီးကြပ်ရေးမှူး ဦးအေးချမ်းနိုင် ထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)