
MyanmarNationalPost

News Agency

Breaking


 



MNP -  မတ်   ၂၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ထမ်းများလုပ် ငန်းစွမ်းဆောင်ရည်ကောင်းမွန်ပြီးသတင်းရေးသားနည်းပညာကျွမ်းကျင်မှုအရည်အသွေးမြင့်မားလာစေရန်နှင့် သတင်းမီဒီယာဆောင်ရွက်နေသောဝန်ထမ်းများ အရည်အသွေးမြှင့်မားလာ စေရေးတို့အတွက် လူမှုကွန်ယက်နှင့် ဒီဂျစ်တယ်မီဒီယာများအတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်းကျွမ်းကျင်မှုသင်တန်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထု အခြေပြု ဗဟိုဌာန(ဗဟန်း)၊ (Community Centre) ၌ ယမန်နေ့နံနက်၉နာရီတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် သည်။

အဆိုပါ သင်တန်းသို့ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ၊ သင်တန်းဆရာများနှင့် သင်တန်းသား၊သင်တန်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့်လူမှုကွန်ယက်နှင ဒီဂျစ်တယ်မီဒီယာများအတွက်ဖန်တီးခြင်းဆိုင်ရာ Content လက်တွေ့အသုံးချနည်းကျွမ်းကျင်မှု သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သတင်းမီဒီယာဆောင်ရွက်နေသော ဝန်ထမ်းများ သတင်းရေးသားရာတွင်ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရေးသားနိုင်ရန်အတွက် သတိပြုလိုက်နာရမည့် အကြောင်းအရာအချက်အလက်များ၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့်တည်ဆဲဥပဒေများ ကိုလိုက်နာလျက်ကျင့်ဝတ်နှင့်အညီ သတင်းရယူရေး သားဖော်ပြကြရန်၊ ဒီဂျစ်တယ်နည်းပညာ၊ ခေတ်မီအိုင်တီနည်းပညာကို အသုံးချပြီးလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် စနစ်တကျ သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း ဆက်လက်ဆည်းပူး လေ့ကျင့်သွားကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ ရွှေရန်ကုန်မီဒီယာတာဝန်ခံအယ်ဒီတာ ဦးဌေးလင်းက သင်တန်းပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)များတွင်ပြည်သူများအတွက် အကျိုးပြုစေမည့် ဘာသာစကားသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများ၊ ကွန်ပျူတာသင်တန်းများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများနှင့်ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ သင်တန်းသို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဌာနအတွင်းရှိ ဝန်ထမ်း (၄၀)ဦးတက်ရောက်သင်ကြားပြီး စနေနှင့်တနင်္ဂနွေနေ့ (၂)ရက်တွင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိရုံးတက်ချိန်မထိခိုက်စေဘဲဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။

သင်တန်းတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ သင်တန်းသားများ အားကိုယ်အပူချိန်တိုင်းတာခြင်း၊လက်သန့်ဆေးရည်ဖြင့်လက်သန့်စင်ခြင်း၊နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးထားကာစိတ်ချမ်းမြေ့စွာ သင်ယူနိုင်ကြကြောင်းသိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)