ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

 


MNP -  မတ်     ၃၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများတွင် ပြင်ဆင်ထားရှိမှုအား  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန် စာစစ်ဌာနများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 

ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန် ရှိသူများက  ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက်  သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ မေးခွန်းနှင့် အဖြေလွှာများ လုံခြုံမှုရှိစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ထားရှိစေရေး၊  မီးဘေးလုံခြုံမှုရှိစေရေး၊  ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည် များကို မှာကြားခဲ့သည်။

မောင်တောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့်  အ.ထ.က (တောင်ပြို) ကျောင်းများ၌ စာစစ်ဌာန(၃)ခုဖွင့်လှစ် ထားရှိပြီး  မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ ၆၄၉ ဦးနှင့် အလွတ်ဖြေ ကျောင်းသား/သူ  ၇၈၁ ဦး စုစုပေါင်း ၁၄၃၀ ဦးရှိပြီးကြောင်းသိရသည်။

သတင်း - သက်လွင်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)