အမ်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စု (၁၈)စုအား ထောက်ပံ့ရေး ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စု (၁၈)စုအား ထောက်ပံ့ရေး ပစ္စည်းများပေးအပ်

 


MNP - မတ်   ၂၄

 ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အမှတ်(၃) ဈေးရပ်ကွက် အောက်ကျင်းမှ မီးဘေးသင့်အိမ်ထောင်စု(၁၈)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့ထောက်ပံ့သော ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲကို မီးလောင်မှုဖြစ်ပွားသည့်နေရာ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။

 အဆိုပါထောက်ပံ့ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးအောင်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးကိုကိုသက်နှင့် တာဝန်ရှိသူများ၊ အမှတ်(၃) ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မတ်လ(၂၀)ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု (၁၈)စုရှိ မိသားစုဝင်များအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများအား အိမ်ထောင်စု(၁)စုလျှင် ပစ္စည်း(၁၅)မျိုးပါ Family Kit ပလပ်စတစ်ပုံး(၁) ပုံး၊ ပစ္စည်း(၁၈)မျိုးပါ Hygiene Kit ပလပ်စတစ်ရေပုံးကြီး(၁) ပုံး၊ ပစ္စည်း(၁၅)မျိုးပါ Family Kit ပလပ်စတစ်ပုံး(၁) ပုံး၊ ပစ္စည်း(၁၁)မျိုးပါ အမျိုးသမီးသုံး Dignity Kit အိပ်(၁)ခု၊ ရေဗူးကြီး(၁) လုံးနှင့် အိမ်ဆောက်ပစ္စည်း (၉)မျိုးတို့အား အိမ်ထောင်စု တစ်စုခြင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

သတင်း - စိုးမင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)