သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက်နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

 


MNP - မတ်   ၂၄

 သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန(ယဉ်ကျေးမှု)၏ နှစ်(၇၀)မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ယဉ်ကျေးမှု ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ဂုဏ်ပုဒ်ကို ညွှန်းပြုဖော်ဆောင် နိုင်ရန်အတွက် ၁၉၅၂ ခုနှစ် မတ် ၂၂ ရက်တွင်  “ပြည်ထောင်စုယဉ်ကျေးမှုဌာန” အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယဉ်ကျေးမှု ဌာနအနေဖြင့် ယဉ်ကျေးမှု ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေး၊ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။

ပန်တျာနှင့် ပန်းချီပန်းပုကျောင်းများမှလည်း ပန်တျာဘွဲ့ခံ ထင်ရှားသော သဘင်အနုပညာရှင်များ၊ ဆိုင်း၊ စောင်း၊ စန္ဒရား၊ တယော၊ နှဲ၊ ပတ္တလား အစရှိသည့် အတီးပညာ ရှင်များ၊ အဆိုပညာရှင်များ မြောက်များစွာ ပေါ်ထွန်းခဲ့ပြီး ပန်းချီပန်းပုနယ်ပယ်တွင် အောင်မြင်ထင်ရှား၊ စံပြုလောက်သည့် အနုပညာရှင်ပေါင်း မြောက်များ စွာ ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း။

ဌာနတွင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ် ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျောသားရင်သားမခွဲခြားဘဲ မိဘနှင့်သားသမီး သဖွယ် ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ ယဉ်ကျေးမှုရေးရာကဏ္ဍများကို ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသား ရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ခိုင် မာရေးဆောင်ရွက်ခြင်း၊ သမိုင်းဝင် ရှေးဟောင်းဒေသများ၊ အဆောက်အအုံများနှင့် ပစ္စည်းများစသည့် ရှေးဟောင်း အမွေအနှစ်များ ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှု အမွေအနှစ် များ ရေရှည် တည်တံ့ရေးနှင့် တစ်ဆက်တစ်စပ်တည်းသော ခိုင်မာသည့် မြန်မာ့သမိုင်းစဉ် ဖော်ထုတ်ရေးအ တွက် အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခြင်း၊ ပြည်တွင်း၊ ပြည်ပယဉ်ကျေးမှုအမွေအနှစ်များ၊ စာပေ အမွေအနှစ်များ၊ အထောက်အထား အချက်အလက်များ စုဆောင်းထိန်းသိမ်း ဝန်ဆောင်မှုပေးရာ ပြတိုက်နှင့် စာကြည့်တိုက်များကို ဗဟိုဌာနအဖြစ် ရပ်တည်၍ သတင်းအချက်အလက်များအား ဝန်ဆောင်မှုပေးရန် ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှု ဘာသာရပ်ဆိုင်ရာများ ကျွမ်းကျင်သူများ မွေးထုတ် ပေးရန် ဆောင်ရွက်ခြင်း စသည့် မူဝါဒများ အတိုင်း ဆက်လက်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ထူးချွန်ဆုရဝန်ထမ်းများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး တေးသံ သာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)