လှိုင်မြို့နယ်တွင် ဈေးကားနှင့် သား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်မြို့နယ်တွင် ဈေးကားနှင့် သား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး



MNP  -  မတ်    ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇:၀၀)နာရီအချိန်မှ စတင်၍ အမှတ်(၆)ရပ်ကွက်၊ ကမာရွတ်ဘူတာရုံလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကြက်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၀၀၀၀)ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ကျော်ရဲအောင်

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)