ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံ လူဦးရေစာရင်း ပြုစုခြင်း လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အခြေခံ လူဦးရေစာရင်း ပြုစုခြင်း လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု


MNP - မတ်    ၅

နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသော ဦးတည်ချက်ငါးရပ်တွင် ပါဝင်သည့်  မဲစာရင်းများ စစ်ဆေးခြင်းလုပ်ငန်း အောင်မြင်ပြီးမြောက်ပြီ ဖြစ်သဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အနေ ဖြင့် ဆောင်ရွက်လျက်ရှိသော လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် မြို့နယ်လူဦးရေ စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်လျက်ရှိသော အခြေခံလူဦးရေ စာရင်းပြုစုခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်မှ ယမန်နေ့နံနက် ၁၁နာရီ ၄၀မိနစ်အချိန်က ကွင်းဆင်းကြည့်ရှုလေ့လာပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရပ်ကွက်(၃၂)ရပ်ကွက်ရှိပြီး လူဦးရေများသည့်အတွက် မြို့နယ်ဌာနဆိုင်ရာများအား ပေါင်းစပ်ညှိနှိုင်း၍ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် လုပ်ငန်းများ အမြန်ပြီးမြောက် အောင်မြင်ရေးအတွက် မြို့နယ်ရှိ ရပ်ကွက်များ ခွဲကာ ဌာနဆိုင်ရာများအား အဖွဲ့ဖွဲ့၍ တာဝန်များ ခွဲပေးထားကြောင်း သိရှိရသည်။

သတင်း - သန်းသန်းအေး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)