မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 


MNP - မတ်   ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လပတ်တွင် ဌာနများအလိုက် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအားလုံး ထိုးနှံနိုင်ရေး ဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုးနှံပြီး စာရင်းဇယားများ ရေးသွင်းရာတွင် စနစ်တကျ မှန်ကန်မှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ အခြေခံ လူဦးရေစာရင်း ကောက်ယူရာတွင် စနစ်တကျ ကောက်ယူ‌ ဆောင်ရွက်ရန်၊ မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန(၅)ခု၌ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ အပြင်စည်းလုံခြုံရေး ဆောင်ရွက်မည့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ စာစစ်ဌာနများနှင့် ပူးပါင်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေး ကဏ္ဍနှင့်ပတ်သက်၍ နေကြာ သီးညှပ် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်၊ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် မြို့တွင်း/မြို့ပြင်တို့တွင် သန့်ရှင်းသာယာလှပရေး အလေးထား ဆောင်ရွက်ရန်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေးအတွက်၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအလိုက် လုပ်ငန်းတာဝန်များ ချထားပေးပြီးဖြစ်၍ ဌာနဆိုင်ရာများမှ ပူးပေါင်း ဆောင်ရွက်ရန် တို့ကို ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အစည်းအ‌ဝေး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အခြေခံလူဦးရေစာရင်း ကောက်ယူမှုလုပ်ငန်းများ၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာတွင် ပူးပါင်းဆောင်ရွက်မည့် လုပ်ငန်းများ၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များအား ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ဇာဇာ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)